Abs ထွက်အောင် Gym တွေဆော့နေတဲ့ ကွီးနေတိုး

နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ အများရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတဲ့ သူကတော့ သရုပ်ဆောင်အရမ်းကောင်းသလို စိတ်ရင်းစေတနာ ပြည့်ဝကောင်းမွန်လွန်းလှတဲ့ သူလေးတစ်ယောက်လည်းဖြစ်ပါတယ်။

အစစအရာရာမှာ တော်လွန်းထက်မြက်လွန်းတဲ့ သူကတော့ ကျရာဇာတ်ရုပ်မျိုးစုံကနေ အပိုအလိုမရှိရအောင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် “မိုးညအိမ်မက်မြူ” ၊ “နက္ခမှားတဲ့တိုက်ပွဲ” ၊ “တာတေကြီး” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ အမျိုးသား ဇာတ်ဆောင်ဆုကြီး (၃) ဆုကို ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိထားခဲ့တာပါ။

လတ်တလောမှာလည်း သူက မကြာခင်မှာ စစ်ကားကို ရိုက်ကူးတော့မှာဖြစ်တာကြောင့် ဇာတ်ကောင်စရိုက်ပီပြင်နိုင်ရေးအတွက် အပြင်းအထန်နဲ့ GYM ကစားနေခဲ့တာပဲ ဖြစ်ပါတယ်။ အားကိုးချင်စရာကောင်းလောက်အောင် တောင့်တင်းတဲ့ကြွက်သားတွေကို ပိုင်ဆိုင်ထားပြီဖြစ်တဲ့ နေတိုးရဲ့ GYM ကစားနေတဲ့ ပုံရိပ်လေးတွေကို  ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

နေတိုးကတော့ ” ကြိုးစားနေတုန်းပဲ ဖြေးဖြေးပေါ့ ထာဝရနေ့ရက်များစွာအတွက် .နေတိုး ” ဆိုပြီး သူ့ရဲ့ လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ထပ်ရိုက်ကူးတော့မယ့် နေတိုးရဲ့ ကာရိုက်တာတွေအတွက် အရမ်းကို စိတ်လှုပ်ရှား ရင်ခုန်နေပါပြီနော်။

နောက်ရိုက်မယ့် ကားကြီးအတွက် ပြင်းပြင်းထန်ထန် ကြိုးစားနေတဲ့ နေတိုးကတော့ မကြာသေးခင်အချိန်ကမှ “Box 88” ရုပ်ရှင်ကားကြီးကို မင်းသမီးချော အိန္ဒြာကျော်ဇင်နဲ့အတူ ကလောမှာ ရိုက်ကူးပြီးစီးခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ရုံတင်ပြသပေးရန် အသင့်ဖြစ်နေပြီဖြစ်တဲ့ သူ့ရဲ့ကားကြီးတွေအတွက်လည်း ပရိသတ်တွေက စောင့်မျှော်နေကြပါပြီ။

မကြာသေးခင်ကမှ ရုံတင်ပြသပေးသွားတဲ့ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ကားကြီးနဲ့ “ပြဿနာ” ရုပ်ရှင်ကားကြီးဟာဆိုရင်လည်း ပရိသတ်တွေက ရုံချသည့်နေ့တိုင်အောင် ရုံပြည့်ရုံလျှံအားပေးခဲ့ကြတာပါ။

နောက်ရိုက်မယ့် ကားကြီးအတွက် ကာရိုက်တာတွေပီပြင်ရအောင် အစွမ်းကုန်ကြိုးစားနေပြီဖြစ်တဲ့ နေတိုးရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျ ကြိုက်နှစ်သက်မိမယ်လို့ ထင်ပါတယ်။

နေတိုးကတော့ ကျော်ကျော်ဗိုလ်၊ ထူးအောင်၊ ရွှေထူးတို့နဲ့အတူ စစ်ကားကြီးကို မကြာခင်မှာ အမိုက်စားရိုက်ကူးတော့မှာပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ ဇာတ်ရုပ်တွေနဲ့သာ ပရိသတ်တွေ ကျေနပ်အားရမှုရှိအောင် သရုပ်ဖော်ပြသပေးနေဆဲဖြစ်တဲ့ နေတိုးကိုချစ်ရင် မျှဝေအားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို  ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *