သေးသေးသွယ်သွယ်လေးနဲ့လှမြဲတိုင်းလှနေတဲ့ယွန်းဝတီလွင်မိုး

ပရိသတ်ကြီးရေ ယွန်းဝတီလွင်မိုးကတော့ ရုပ်ရှင်မင်းသားကြီးအကယ်ဒမီလွင်မိုးရဲ့ သမီးကြီးလေးဖြစ်ပြီး ဖေဖေ့ရဲ့အနုပညာအမွေကိုဆက်ခံကာ အနုပညာအလုပ်တွေကို ကျောင်းတစ်ဖက်နဲ့ပဲ တတ်နိုင်သလောက်လုပ်ဆောင်နေတာကိုပရိသတ်ကြီးလည်းတွေ့ရမှာပါ။ယွန်းဝတီလွင်မိုးက သေးသေးသွယ်သွယ်လေးနဲ့ အရမ်းလှတာကြောင့် ပုရိသတွေကြားမှာရေပန်းစားပြီး မိန်းကလေးပရိသတ်တွေကလည်း သူမကို အရမ်းချစ်တာပါနော

ယွန်းဝတီလွင်မိုးကတော့ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကို မွေးဖွားထားပြီး သားလေးကလည်း မေမေ့လိုပဲအရမ်းချစ်စရာကောင်းပါတယ်နော်။Liam လေးလို့ ခေါ်ကြတဲ့အပြင် လွင်ထက်လို့လည်း နာမည်ပေးထားပါသေးတယ်။မေမေယွန်းဝတီလွင်မိုးကတော့ သားလေးကို ဖိုးဖိုး ဖွားဖွားတွေရဲ့လက်ထဲကိုအပ်ထားခဲ့ပြီး ချစ်ခင်ပွန်းနဲ့အတူတူ ပြည်ပမှာပညာသင်ကြားနေတာပဲဖြစ်ပါတယ်။

အခုဆိုရင်တော့ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံလည်း မြန်မာပြည်ကို ခဏပြန်လည်ရောက်ရှိလာပြီး သားလေးကိုအချိန်အပြည့်ပေးကာ ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေပါတယ်။

ယွန်းဝတီလွင်မိုးကတော့ ကလေးတစ်ယောက်မိခင်ဆိုပေမယ့် အလှတရားတွေကတော့ အရင်လိုပဲမပြောင်းလဲသွားပါဘူးနော်။အခုဆိုရင်တော့ ယွန်းဝတီလွင်မိုးရဲ့ ပြီးပြည့်စုံတဲ့အလှတရားပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

credit

Leave a Reply

Your email address will not be published. Required fields are marked *