မိုးဟေကိုက ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးမျိုးပါဆိုတဲ့ နေတိုး

အကယ်ဒမီ မင်းသားနေတိုး ကတော့တည်ငြိမ်ရင့်ကျက်တဲ့ မင်းသားတစ်ဦးဖြစ်ပြီး ဒါတင်မကသေးပါဘူး မင်းသားနေတိုးကတော့ အလွမ်းအဆွေးဟာသ ကျရာ ဇာတ်ရုပ်တွေနဲ့သူရဲ့ သရုပ်ဆောင်မှုတွေဟာဆိုရင် အပိုအလိုမရှိ ကျရာနေရာကိုသဘာဝကျကျ ပီပီပြင်ပြင်သရုပ်ဆောင်တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုမျိုးဘက်စုံထူးချွန်တဲ့ မင်းသားနေတိုးကတော့ သူ့ရဲ့ အနုပညာမောင်နှမဖြစ်တဲ့ မိုးဟေကိုနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့တာကိုတော့  ချစ်ပရိသတ်ကြီး အတွက် ဖော်ပြဆပးလိုက်ပါတယ်။

မိုးဟေကို ရဲ့ထူးခြားချက်ကဘယ်လိုလဲ” သူရဲ့ထူးခြားချက်ကတော့ သရုပ်ဆောင်မယ်ဆိုလဲ ကာရိုက်တာအပိုင်းမှာလဲဝင်တယ် ပြီးတော့ သူရဲ.ဖက်ရှင်ပိုင်းရယ် တချို့ဆွဲဆောင်မှုရှိတဲ့အပိုင်းတွေပေါ့ အဲ့လိုဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်မျိုး သရုပ်ဆောင်လို့ရတယ်

သူကသူများနဲ့မတူဘူး ချစ်စရာကောင်းတဲ့ အထဲမှာမပါဘူး ကျွန်တော်တို့ဇာတ်လမ်းရွေးချယ်တဲ့ အချိန်မှာလဲ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ကာရိုက်တာမျိုးကိုဘဲ ရိုက်ဖြစ်တာများတယ် ကျွန်တော်ရဲ့သူမ ကလဲတကယ်ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကာရိုက်တာမျိုးလဲဖြစ်ပါတယ်

အရင်တုန်းကရော မိုး နဲ့တွဲရိုက်ထားတဲ့ကားတွေရှိလား အစ်ကို ဆိုတာကိုတော့” မိုးဟေကို နဲ့ ကျွန်တော် ရို.က်ထားတဲ့ကားတွေက အတော်လေးနည်းပါတယ်ဒါပေမယ့် ကျွန်တော်ပထမဆုံးဆုရခဲ့တဲ့ မိုးညအိမ်မက်ဖြူ ဇာတ်ကားကတော့တော်တော်လေး အမှတ်တရဖြစ်တယ် နောက်ပိုင်းရိုတ်တဲ့ကားတွေကတော့ ဟာသကားတွေများတယ်။

ဒါကတော့အခု မိုးဟေကို နဲ့ပြန်ကရိုက်တာ ပထမဆုံးဘဲပေါ့ သူနဲ့လဲလိုက်ဖက်တယ် ဇာတ်လမ်းက ကျွန်တော်တို့ အသက်ရွယ်နဲ့လဲလိုက်ဖက်တယ် ဒီကားလေးကတော့ ပရိတ်သတ်တွေကျေနပ်မယ် ကျွန်တော်တို့နှစ်ယောက် သရုပ်ဆောင်တာကြည့်ခြင်နေတဲ့ပရိတ်သတ်ကြီးအတွက် ကျေနပ်အားရမှုအပြည့်ဝပေးနိုင်တဲ့ ကားလေးလဲဖြစ်မှာပါ ” ဟု ပြောကြားသွား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *