ဗစ်တိုးရီးယား နေရာမှာ ခင်ဗျားသမီးကို အစားထိုးမလားလို့ ဒဲ့မေးလိုက်တဲ့ လင်းလင်း

နိုင်ငံကျော် အဆိုတော် လင်းလင်းက ဇနီးဖြစ်သူ နဲ့အတူ ကလေးများအတွက် ပရဟိတ ဖောင်ဒေးရှင်းများကိုလည်း လုပ်ကိုင်သူတစ်ဦးပါ။ လက်ရှိမှာလည်း လူမှုကွန်ယက်မှာ နာမည်ကြီးနေတဲ့ နေပြည်တော် သက်ငယ်မုဒိမ်း အမှုမှန်ပေါ်ရေးအတွက်လည်း ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ လင်းလင်း ပြောတဲ့ ဗစ်တိုးရီးယား နေရာမှာ ခင်ဗျားသမီးကို အစားထိုးမလားဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

အဆိုတော် က နေပြည်တော် မှ သမီးလေး ဗစ်တိုးရီးယား ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမည်မဖော်လိုတဲ့ ရဲတစ်ဦးက တရားခံလို့ ထင်ခံနေရတဲ့ ကလေး နဲ့ DNA မတူဘူးဆိုပြီး မီဒီယာတစ်ခုမှာ ဖြေကြားခဲ့တာကြောင့် အမည်မဖော်လိုသူ ရဲကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ ခုလိုပြောထားပါတယ်။လင်းလင်းက အမည်မဖော်လိုသူ ရဲတစ်ဦးက မီဒီယာတစ်ခုကို ပြောတယ်ဆိုတာ တရားဝင်ပြောတာလား

တရားမဝင်ပြောတာလားသိချင်တာ။အဲဒီသတင်းအမှန်ဆိုရင် ပြောစရာတစ်ခုရှိတယ်။အမည်မဖော်လိုဘူး အမည်မဖော်ရဲဘူး ဆိုရင် ခင်များ ‘ရဲ’ လုပ်မနေနဲ့လေ။ပြီးတော့ ဒီအမှုက မရိုးစင်းဘူးမလွယ်ဘူး လို့ အဲဒီအမည်မဖော်လိုတဲ့ ရဲတစ်ဦးကပြောတယ်ဆိုတော့ လွယ်သွားအောင် ကျွန်တော်အကြံပေးကြည့်မယ်။မတရားလုပ်ခံလိုက်ရတဲ့ ဗစ်တိုးရီးယားလေးနေရာမှာ ခင်များ သမီးနဲ့အစားထိုးလိုက်လေ။ဒါဆို အရမ်းခက်ခဲနေတဲ့ဒီအမှုဟာ အရမ်းလွယ်ကူသွားလိမ့်မယ်။”

ပြီးတော့ဟိုးတလောက မန္တလေးစက်မှုနားမှာ သမီးလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်သွားပြီး မေမြို့အတက်နားမှာ လူမဆန်စွာမုဒိန်းကျင့်၊ သေမလိုလုပ်ထားခဲ့တဲ့ မုဒိန်းကောင်ကို ရက်ပိုင်းအတွင်း ဖမ်းပေးတဲ့ မန္တလေးကတာဝန်ရှိရဲဝန်ထမ်းတွေနဲ့ နေရာချိန်းမလား။

အမှုလဲ လိုတာထပ်ပိုကြာနေသလို အမည်မဖော်လိုတဲ့ ရဲ တစ်ဦးကြောင့် အခြားတာဝန်ရှိ ရဲ တွေပါရောပြီး သိက္ခာကျနေတာ ရှက်စရာကြီး။ကြိုက်တဲ့ရှေ့နေကိုက်တဲ့တာဝန်ရှိသူတွေနဲ့ ကြိုက်သလောက်ရက်ကိုဆွဲ။ ဒီအမှုပြီးတဲ့ထိစောင့်မယ်။လင်းလင်း အမည်ဖော် ရေးသည်။ဆိုပြီး ပြောထားပါတယ်။

လင်းလင်း က အမည်မဖော်လိုတဲ့ ရဲကို မန္တလေးစက်မှုနားမှာ သမီးလေးတစ်ယောက်ကို ဆိုင်ကယ်နဲ့တင်သွားပြီး မေမြို့အတက်နားမှာ လူမဆန်စွာမုဒိန်းကျင့် သေမလိုလုပ်ထားခဲ့တဲ့ မုဒိန်းကောင်ကို ရက်ပိုင်းအတွင်း ဖမ်းပေးတဲ့ မန္တလေးကတာဝန်ရှိရဲဝန်ထမ်းတွေနဲ့ နေရာချိန်းမလား ဆိုပြီး ဒဲ့မေးလိုက်တာပဲ ဖြစ်ပါတယ်။ ကြည့်ရှုပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *